အကုသိုလ်တွေဆိုတာတော့ သံသရာက အကျင့်ပါနေသည့်အတွက်ကြောင့် လွယ်လွယ်လေးနဲ့
ဖြစ်တယ်၊ လူတွေရဲ့သန္တာန်မှာ မြင်စရာ အာရုံလေးတစ်ခုကို မြင်လိုက်ရင် လောဘနဲ့ နှစ်သက်တယ်၊
ဒေါသနဲ့ မုန်းတီးတယ်၊ မောဟနဲ့ အမှန်ကိုမသိလိုက်ဘူး။ ဒီလိုမြင်မှုကို အကြောင်းပြုပြီးတော့
အကုသိုလ်စိတ်တွေပဲ ဖြစ်တယ်။
နားက အသံကြားလိုက်တာနဲ့
တပြိုင်နက် သာယာတဲ့အသံဆိုရင် လောဘနဲ့ တွေးတယ်၊ မုန်းတီးတဲ့အသံဆိုရင် ဒေါသနဲ့ တွေးတယ်၊
သဘာဝတရားကို မဆင်ခြင်နိုင်ဘူးဆိုရင် မောဟနဲ့တွေးတယ်၊ အကုသိုလ်စိတ်တွေ ဖြစ်ပြန်တာပဲ။
No comments:
Post a Comment